ပြည်နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ(ရှမ်းအရှေ့)၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျိုင်းတုံ        နိုဝင်ဘာ ၂၃

ပြည်နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ(ရှမ်းအရှေ့)၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၂၃ ရက် နံနက် ၉ နာရီက ပြည်နယ်ဒုတိယ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ)ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်က (၅)နှစ် စီမံကိန်း ရည်မှန်းချက်များ၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးနှင့် ပြည်သူအားလုံး ရရှိခံစားနိုင်မည့် တိုးတက်မှုများဖြစ်ပေါ်လာစေရေး၊ ကဏ္ဍစီမံကိန်းနှင့် ဒေသန္တရစီမံကိန်းများ တွင် ထည့်သွင်းစဉ်းစားရမည့် ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ(ရှမ်းအရှေ့) အတွင်းရေးမှူး ဦးအောင်ကျော်ဦးက ၂၀၂၂-၂၀၂၃ မှ ၂၀၂၆-၂၀၂၇ ခုနှစ် စီမံကိန်း စည်းမျဉ်း၊ စည်းကမ်းဆိုင်ရာများနှင့် စီမံကိန်းများဆောင်ရွက်ရာတွင် လုပ်ငန်း၏ အကျိုးအမြတ်၊ ပြန်ရရှိ ချက်၊ ဒေသအတွက် အကျိုးဖြစ်ထွန်းမှုရှိစေရေး စိစစ်ဆောင်ရွက်ရန် ပြောကြားပြီး ပြည်နယ် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ(ရှမ်းအရှေ့)အဖွဲ့ဝင်များ၊ ဌာနဆိုင် ရာများက ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည် ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့် ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးမှုကို အထောက်အကူပြုစေရေး ဒေသန္တရစီမံကိန်းများ ဆောင်ရွက်ရာတွင် ဆီလျော် သည့်လုပ်ငန်းများ၊ အစီအမံများ ထည့်သွင်းဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေး တင်ပြရာ ပြည်နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ(ရှမ်းအရှေ့) ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)