ချမ်းအေးသာစံ နိုဝင်ဘာ ၂၃
မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များအား ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးအရေးယူခြင်းကို ယနေ့ နံနက်ပိုင်းမှစပြီး မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ လူသွားလူလာများသော လမ်းများတွင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မော်တော်ဆိုင်ကယ် စီးနှင်းသူများအနေဖြင့် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော လိုင်စင်မဲ့ ယာဉ်များအား သိုလှောင်ရောင်းဝယ်ခြင်း၊ Show Room များ၊ ကားပွဲစားတန်း၊ ဆိုင်ကယ် ပွဲစားတန်းများတွင် တရားဝင်တင်သွင်းလာသောယာဉ်များနှင့်အတူ ရောနှောလျက်ရောင်းချ ခြင်း၊ တရားဝင်မှတ်ပုံတင်ထားသောယာဉ်များ၏ နံပါတ်ပြားတပ်ဆင်အသုံးပြုခြင်း၊ တရားဝင် မှတ်ပုံတင် ထားသောယာဉ်များနှင့် အသွင်တူ၊အသွေးတူ ပုံတူပွားလျက် အသုံးပြုခြင်း၊ နိုင်ငံတော်မှ တရားဝင် ထုတ်ပေးထားသော ယာဉ်လိုင်စင်မှတ်ပုံတင်အဝိုင်း၊ စာအုပ်များအတု အပ ပြုလုပ်လျက်လိုင်စင်မဲ့ ယာဉ်အားရောင်းချခြင်း၊ မော်တော်ဆိုင်ကယ်အမျိုးမျိုးအား နယ်စပ်တွင် Custom Duty ဆောင်ခဲ့ပြီး မိမိဒေသရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်မပြုလုပ်ဘဲ စီးနင်းအသုံးပြု ခြင်းများမပြုလုပ်ရန်နှင့် စစ်ဆေးတွေ့ရှိပါ က တည်ဆဲဥပဒေနှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်သည်။
ထို့ပြင် ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်ပါရှိရမှာ ဖြစ်ပြီး မော်တော်ယာဉ်စီးနင်း အသုံးပြုရာ တွင် ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါသူများအားလုံး ထိုင်ခုံခါးပတ်တပ်ဆင်မောင်းနှင်စီးနင်းရမည် ဖြစ်ကြောင်း၊ မော်တော်ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ်စီးဦးထုပ်အားဆောင်း၍ မေးသိုင်း ကြိုးတပ် စီးနင်းရမှာဖြစ်ပြီး ယာဉ်အသုံးပြုမောင်းနှင်ရာတွင် ယာဉ်နံပါတ်ပြားများ မတပ်ဆင်ဘဲ သို့မဟုတ် မထင်ရှားဘဲ မမောင်းရ၊ မော်တော်ယာဉ်/ ဆိုင်ကယ်များ အိတ်ဇောစက်သံ ဆူညံစွာ မမောင်းရ၊မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် နှစ်ဦးထက်ပိုမိုစီးနင်းခြင်း မပြုရ စည်းကမ်း ချိုးဖောက်ကျူးလွန်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း သိရ သည်။
မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်စီးနင်းမောင်းနှင်အသုံးပြုရာတွင် အမျိုးသားနှစ်ဦးမစီးရ၊ အမျိုးသမီးနောက်တွင် အမျိုးသားမစီးရ၊အမျိုးသမီးနှစ်ယောက် စီးနိုင်သည်၊ အမျိုးသားနောက် တွင် အမျိုးသမီး စီးနိုင်သည်၊မော်တော်ဆိုင်ကယ်စီးလျှင် မော်တော်ဆိုင်ကယ်စီး ဦးထုပ် ဆောင်းရမည်၊ပတ်ဝန်းကျင်အား အနှောင့်အယှက်ဖြစ်စေသော အသံကျယ်(အိတ်ဇောမှထွက် သည့် အသံ)ကျယ်ဖြင့်မစီးရ အထက်ပါညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်း မရှိပါ က တည်ဆဲဥပဒေများအရ ထိရောက်စွာအရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်