မိုးမိတ် နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် မြို့နယ်စည်ပင်သာယာရေးဌာန အနေဖြင့် မြို့နယ် သန့်ရှင်းသာယာလှပရေးနှင့် မြို့တွင်းလမ်းများ ကောင်းမွန်စေရေးအတွက် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ မြောက်ပိုင်းရပ်ကွက် သီတာလမ်းအား မြေသားလမ်းအဖြစ်မှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်ဆောင်ရွက်နေမှုအား မြို့နယ် တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးတင်ရှိန်တို့က စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီ ပြီးစီးနိုင်ရေးအတွက် ယနေ့ နံနက် ( ၁၀)နာရီ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါလမ်းသည် ကွန်ကရစ်လမ်းဖြစ်ပြီး အရှည် ၄၀၀ ပေ ၊ အကျယ် ၁၂ ပေ ၊ ထု ၆ လက်မ ရှိကာ ၂၀၂၁ - ၂၀၂၂ ခု ဘဏ္ဍာရေးနှစ် မီနီဘတ်ဂျက် ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေ ခွင့်ပြုရန်ပုံငွေကျပ် (၈၅၉၇၀၀၀) ဖြင့် ဆောင်ရွက်ခဲ့ပြီး မြို့နယ်စည်ပင်သာယာဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
မိုးမိတ်သား(ခရိုင်ပြန်/ဆက်)