မြဝတီ နိုဝင်ဘာ ၂၃
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြု လုပ်သည်။
အဆိုပါ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲသို့ မြဝတီမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ ပါဝင်ယှဉ်ပြိုင်လို သည့် ကလေးငယ် များက လာရောက်ယှဉ်ပြိုင်ကြပြီး မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက စီစဉ်ဆောင်ရွက် ပေးသည်။
ကာယ၊ဉာဏ စွမ်းရည်ပြိုင်ပွဲအဖြစ် ကလေးငယ်များအား ပါဝင်ယှဉ်ပြိုင်ရာတွင် ဘိုးရိန်းပစ်ပြိုင်ပွဲနှင့် ခွက်နင်းပြေး ပြိုင်ပွဲများဖြင့် ယှဉ်ပြိုင်စေခြင်း ဖြစ်သည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးသီက ပါဝင်ယှဉ်ပြိုင်သည့် ကလေးငယ်များအား မေတ္တာလက်ဆောင်များ ပေးအပ်သည်။ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသား ရေးစိတ်ဓါတ် ရှင်သန်ထက်မြတ်ရေးနှင့် ကလေးငယ်များ ပျော်ရွှင်စေရေးနှင့် ကာယ၊ ဉာဏစွမ်းရည် တိုးတက်စေရေး ကျင်းပပြုလုပ် ခြင်းဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)