စဉ့်ကိုင် နိုဝင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကျောင်းသာ/ကျောင်းသူများကို အမျိုးသားအောင်ပွဲနေ့ အကြောင်းသိရှိစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် အတွက် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့် ခြင်းကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ရှေ့နေ ဦးဝင်းကြည် (စဉ့်ကိုင်) က ကျောင်းသား/သူများကို အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်း သိရှိပြီး အမျိုးသားရေးတာဝန် ၊ အမျိုးသားရေး စိတ်ဓာတ်များ ပိုမိုနားလည်လာကာ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ဟောပြောခဲ့သည်။
ဆက်လက်၍ (၁၀၁) နှစ်မြှောက် အမျိုးသားအောင်ပွဲနေ့ အကြို ပုံပြော၊ ကဗျာရွတ်၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသည့် အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန မြို့နယ်ဦးစီးအရာရှိ ဦးဘိုဘိုဟန်၊ ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းသန်း၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများက ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင် ပြန်/ဆက်)