မဟာအောင်မြေ နိုဝင်ဘာ ၂၃
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊စာအုပ်ပြပွဲနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက အမျိုးသားအောင်ပွဲ နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊စာအုပ်ပြပွဲနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲများ ကျင်းပရခြင်း ၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အမျိုးသားနေ့အကြောင်းသိကောင်းစရာများကို ဟောပြောခဲ့ကြောင်းသိရသည်။
ထို့နောက်ပြည်သူများ အသိပညာ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ စာအုပ်ပြပွဲနှင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးများ တိုးတက်စေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်နှင်းဆီ