မချမ်းဘော့ နိုဝင်ဘာ ၂၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရဦးစီးဌာန Community Centre ခန်းမတွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အဖြစ် အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လယ် ၁နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မချမ်းဘော့မြို့မှ ဆရာမဒေါ်ခေါ်နန်က လူငယ်နှင့် မူးယစ်ဆေးဝါး ခေါင်းစဉ်အားဖြင့်ဟောပြာရာတွင် လူငယ်များသည်မိမိလိုချင်သော ပန်းတိုင်ကို ရရှိရန်သရုပ်ဖော်နိုင်သည့်အရွယ်၊ အနာဂတ်အတွက်ခေါင်းဆောင်ကောင်းသည် ယနေ့လူငယ် ယနေ့ခေါင်းဆောင်များဖြစ်သည့်အကြောင်း၊ တန်ဖိုးရှိလှသောလူငယ်ဘ၀ကိုလူညွန့်တုံးစေတဲ့ အန္တရာယ်များစွာထဲမှ မူးယစ်ဆေးဝါးနှင့် မပတ်သက်မိစေဖို့အကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှု ကြောင့် ဖြစ်ပေါ်နိုင်သည့် စိတ်ပိုင်းဆိုင်ရာဆိုး ကျိုးများအကြောင်းနှင့် လူငယ်များ အနေဖြင့် စာပေ ဗဟုသုတများများလေ့လာပြီး ဘာသာတရား၏ဆိုဆုံးမမှုကိုခံယူ နှလုံးသွင်း နိုင်ရင် မူးယစ်ဆေးဝါးအန္တရာယ်မှ လွတ်မြောက်နိုင်မည်ဖြစ်ကြောင်း အကျယ်တ၀င့် ဟောပြော ခဲ့ကြောင်းသိရသည်။
ထို့နောက် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် စာအုပ်/စာစောင်များ၊ သုတရသ စာအုပ် များခင်း ကျင်းပြသထားရာ စာပေချစ်မြတ်နိုးသူကျောင်းသားကျောင်းသူများက စိတ်၀င်တစား လာရောက် ဖတ်ရှုလေ့လာ နေကြကြောင်းသိရသည်။ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် (Community Centre)ခန်းမ၌ ပြည်သူများအသိပညာ ဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေး Talk Show များ၊ ဟောပြောပွဲ ၊ပြိုင်ပွဲများစသည့်အသိပညာပေးလုပ်ငန်းများကိုလည်း လစဉ်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)