စုကလိမြို့ ဆုံဆည်းမြိုင် ကျေးရွာတွင် ဆေးရွက်ကြီး(ခ)ဓားလှီးဆေးများ ဖြစ်ထွန်းအောင်မြင်

စုကလိ  နိုဝင်ဘာ ၂၃

ကရင်ပြည်နယ် မြဝတီခရိုင်၊ စုကလိမြို့ ဆုံဆည်းမြိုင် ကျေးရွာတွင် ဆေးရွက်ကြီး() ဓားလှီးဆေးများ စိုက်ပျိုး ဖြစ်ထွန်း အောင်မြင်လျက် ရှိသည်။

ဆေးရွက်ကြီး () ဓားလှီးဆေးကို စိုက်ပျိုးရာသီဖြစ်သော သြဂုတ်လလယ်ပိုင်းလောက်မှစတင်၍ ပျိုးပင်များအား စမ်းသပ်စိုက်ပျိုးပြီး ဇန်နဝါရီ လနှင့် ဖေဖော်ဝါရီလ များတွင်ရိတ်သိမ်းပြီးတစ်ဧကလျှင် အပင်ရေ (၇၀၀) ကျော် စိုက်ပျိုးနိုင်ပြီး ကုန်ကျစရိတ်မှာငွေကျပ် (၁၂) သိန်း ခန့်ကုန် ကျပြီး အထွက်နှုန်းမှာ (၆၀၀) ကီလိုထွက်ရှိပြီး အကျိုးမြတ်များစွာ ရရှိသည်။

ထိုဆေးရွက်ကြီး() ဓားလှီးဆေးစိုက်ပျိုးခြင်းနှင့် ပတ်သက်၍ စုကလိမြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဆုံဆည်းမြိုင် ကျေးရွာတွင် နည်းပညာ ပြန့်ပွားရေးစင်တာဖွင့်လှစ်ထားပြီး ဆေးရွက်ကြီး စိုက်တောင်သူများအား အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေး ခြင်းတို့အား ကူညီ ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ပိုပိုအောင်