ပိုင်ကျုံမြို့ ၌(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်  သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

ပိုင်ကျုံ နိုဝင်ဘာ  ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင်  (၁၀၁)နှစ်မြောက် အမျိုသားအောင်ပွဲနေ့ အထိမ်း အမှတ် သတင်းစကား လက်ကမ်းစာစောင်များကို  ယမန်နေ့ နံနက်(၉)အချိန်တွင်  ပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ပိုင်ကျုံတိုက်နယ်ဆေးရုံရှိ ကာကွယ်ဆေး လာရောက် ထိုးနှံသူ မိဘပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  လက်ကမ်းစာစောင်တွင်  ၂၀၂၁ ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  ၂၀၂၁ ခုနှစ် ဧပြီ ၁၁ ရက်နေ့တွင်  ရန်ကုန်တိုင်း စီမံအုပ်ချုပ် ရေး ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား  တွေ့ဆုံပြောကြားသည့် အမှာ စကားမှကောက်နှုတ်ချက်၊  အေးအတူပူအမျှ၊ ရန်ကုန် ယူနီဗာစီတီ  အက်ဥပဒေကို သပိတ် မှောက်ရန်  သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော  ကျောင်းသားကြီး(၁၁)ဦး၊  အမျိုးသားရေး စိတ်ဓါတ်၊ အမျိုးသားအောင်ပွဲနေ့ အစရှိသည့် အကြောင်းအရာများ၊ ရေနံ့သာမောင်ကျော်ညွှန့်ရေးသား သော ဘုန်းရှင့်မြန်မာတို့ မြန်မာကဗျာ အစရှိသည့် အကြောင်းအရာများ  ပါဝင်ကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)