ဟိုပန် နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၊ နောင်မိုကျေးရွာအုပ်စုရှိ ကောင်းကော်၊ နောင်မို၊ နောင်အွန်၊ ပန်လော့၊ ဟိုပင်ကျိုင်း၊ ကောင်းဆန်း ကျေးရွာ(၆)ရွာ နှင့် အမှတ်(၁၄၃) စသည့် နေရာ(၇) နေရာတွင် နေထိုင်ကြ သည့် ဒေသခံပြည်သူများအားယနေ့နံနက်(၉)နာရီမှ စတင်၍ နောင်အွန်ကျေးရွာခန်းမ စုရပ်နေရာ ၌ ကွင်းဆင်း၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ရော ကာကွယ်ဆေး(Sinopharm) ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာနမှ သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ဟိုပန်မြို့နယ်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးရဲဝင်းထိုက် ကြီးကြပ်၍ ကော်မတီအဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ဆေးလာရောက် ထိုးနှံသည့် ပြည်သူများကို ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း၊ စာရင်း အချက်အလက်များ ကောက်ယူခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်းများ နှင့် ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တ အနားယူစေခြင်း စသည့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟိုပန်မြို့နယ်တွင် ယနေ့အထိ ပထမအကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပြီးသည့် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူ အမျိုးသား(၂၁၇၈)ဦး၊ အမျိုးသမီး(၂၁၉၂)ဦး စုစုပေါင်း ပြည်သူ(၄၃၇၀)ဦး တို့အားဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ကိုထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့်ပြည်သူများအား ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ထံမှ သိရသည်။
ဇင်ဇင်(ပြန်/ဆက်)