ဝမ်းတွင်းမြို့နယ် ဒေသခံပြည်သူများနှင့် ကျောင်းသား/သူ(၂၅၅၃)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm နှင့် Sinovac ထပ်မံထိုးနှံပေး

ဝမ်းတွင်း နိုဝင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများနှင့် ဒေသခံပြည်သူများ၊ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm နှင့် Sinovac အား First Dose ၊ Second Dose ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီက သတ်မှတ်စုရပ်များတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm နှင့် Sinovac First Dose ၊ Second Dose ထိုးနှံပေး ခြင်းများ ဆောင်ရွက်ပေးရာတွင် မြို့ပေါ် ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ အသက်(၆၅)နှစ် အထက်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား ကျန်မာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီကျန်းမာရေး စစ်ဆေး ပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက် အလက်စာရင်းများရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေး ကောင်းမွန်သူအသက်(၆၅)နှစ်ထက် ရှိသူများ၊ ဒေသခံပြည်သူ (၂၅၅၃) ဦးအား ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်‌ဆေး Sinopharm နှင့် Sinovac ထိုးနှံပေး ခြင်းများကို သက်ဆိုင်ရာ စုရပ်များအလိုက် ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေး ထိုးလုပ်ငန်းများ အောင်မြင်စေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျန်မာရေးဌာန ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ စေတနာ လုပ်အားရှင်များနှင့် ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုရဲ(ဝမ်းတွင်း)