မိုးညှင်း နိုဝင်ဘာ ၂၃
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် စာရေးဆရာအသင်းနှင့် ပူးပေါင်း၍ “ရသ စာပေဟူသည်” အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁)နာရီ ခွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးပြုလုပ်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ အကြီးတန်းစာရေး ဒေါ်ဝင်းဝင်းခိုင်က အသိပညာပေး(Talk Show) ပြုလုပ် ရခြင်း၏ ရည်ရွယ်ချက် များကို ဆွေးနွေးပြောကြားပြီး မိုးညှင်းမြို့နယ်စာရေး ဆရာ အသင်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါ်ခင်မာဆွေ၊ ကလောင်အမည် (တင်တင်ဆွေ မာ)က ရသစာပေ၏အဓိပ္ပါယ်၊ အခုလက်ရှိ အချိန်ကာလရသစာပေ အခြေအနေနှင့် လူငယ်နှင့်ရသစာပေ သဟဇာသဖြစ်မဖြစ်အစရှိသည့် ရသစာပေများနှင့် ပတ်သက် သည့် အကြောင်းအရာများကို ကျောင်းသားကျောင်းသူများ၊ လူငယ် လူရွယ် များနှင့် ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် သဘောပေါက်စေရန်အတွက် ရည်ရွယ်ပြီး အွန်းလိုင်းမှတစ်ဆင့် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)