ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ အသိပညာပေး(Talk Show)ကျင်းပ

ကမမောင်း     နိုဝင်ဘာ ၂၃

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၀န်ထမ်းများက(၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အကြောင်း သိကောင်းစရာများ (Talk Show) ကိုယ‌နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ သည်။

အဆိုပါ(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အကြောင်း သိကောင်းစရာများ (Talk Show)တွင် ဖာပွန်ခရိုင် ဦးစီးမှူးဒေါ်ခင်စန်းမြင့်က အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေး (TalkShow)ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဖာပွန်ခရိုင်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်နှင့် ကမမောင်းမြို့ဦးစီးမှူးဒေါ်ယဉ်ယဉ်အေးတို့က မြန်မာနိုင်ငံ၏ အမျိုးသား အောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ၊ အမျိုးသားအောင်ပွဲနေ့ကို ကျောင်းသား၊ လူငယ် လူရွယ်များ၊ ပြည်သူ များအားလုံး မမေ့မလျော့တတ်ကြစေရန်နှင့် အမျိုးသားရေး စိတ်ဓာတ်များ ကိန်းအောင်းနေစေရန် အတွက် ပြည်သူများအားလုံး ထိန်းသိမ်းစောင့်ရှောက်တတ်ကြစေရန် အရေးကြီးပါကြောင်း ဆွေးနွေးခဲ့ကြပါသည်။

 ကမမောင်းမြို့ ပြည်သူ့စာကြည့်တိုက်တွင် သုတ၊ ရသ စာအုပ်များကို ပြည်သူများအား အခမဲ့ ငှားရမ်းပေးခြင်းသာမက အသိပညာပေး (Talk Show)များ၊ ကလေးငယ်များအတွက် Online မှအသိပညာ‌ပေးခြင်း၊အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက်နည်းလမ်းမျိုးစုံဖြင့် တင်ဆက် ပေးလျက်ရှိကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)