ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ အသက်၁၈နှစ်အထက်နှင့် သတ်မှတ်ဆေးထိုးအုပ်စုများထဲတွင် ပါဝင် ကြသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံပေး

ဆိပ်ကြီးခနောင်တို နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုကို ဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သတ်မှတ် ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ်အထက်ရှိသူများ၊ သတ်မှတ် ဦးစားပေး အုပ်စုများတွင်ပါဝင်သူများကို ယနေ့ နံနက် ၉ နာရီမှစ၍  ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ပဏ္ဍိတာရာမ စလင်းကျောင်းတိုက် ဓမ္မာရုံ တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် စတင်ထိုးနှံ ပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ရပ်ကွက်အတွင်းရှိ အသက် ၁၈နှစ်အထက်ရှိသူများ၊  သတ်မှတ် ဆေးထိုးအုပ်စုများ ထဲတွင် ပါဝင်သည့် မြို့နယ်နေပြည်သူ ၃၂၅ ဦးအား မြို့နယ် သူနာပြု ဆရာမကြီး ဒေါ်ခင်ပပလွင်ကြီး ဦးဆောင်၍ သူနာပြု ဆရာမများ နှင့်ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း  သိရသည်။