ဘုရားသုံးဆူမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဘုရားသုံးဆူ နိုဝင်ဘာ ၂၃

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် နိုင်ငံတော်၏ နေ့ထူးနေ့မြတ် အထိမ်းအမှတ်အဖြစ် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ လက်ကမ်းစာစောင် များကို ပြည်သူများ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ဌာနဆိုင်ရာများ၊ ရပ်ကွက် လူစည်ကားရာနေရာများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ဦးဆောင်၍ ယနေ့နံနက် ၁၀ နာရီအချိန်တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)က အခမဲ့ထုတ်ဝေပေးခဲ့ပြီး ဘုရားသုံးဆူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးစောရဲဝင်းထွဋ် နှင့် ဝန်ထမ်းများ ဦးဆောင်၍ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်းပြီး ရပ်ကွက်အတွင်းရှိ လူစည်ကားရာနေရာများတွင် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

စောရဲဝင်းထွဋ်(ပြန်/ဆက်)