(၁၀၁)နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များအား ဖြန့်ဝေ

စုကလိ   နိုဝင်ဘာ    ၂၃

ကရင်ပြည်နယ်၊ မြဝတီခရိုင်စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အများပြည်သူများအား အသိပညာပေး လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ (၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်ပြည့်အမျိုးသားအောင်ပွဲနေ့ အားကြိုဆို ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေဖြန့်ချိသည့် သတင်းစကားလက်ကမ်းစာစောင်များအား အများပြည်သူများထံသို့ အချိန်မှီသိရှိနိုင်စေရန်နှင့် နိုင်ငံတော်၏ နေ့ကြီးရက်ကြီးများအား သိရှိနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် ၉ နာရီခွဲ အချိန်က စုကလိမြို့ ဦးစီးမှူးနှင့်ဝန်ထမ်းများက ရပ်ကွက်နေပြည်သူများနှင့် အခြေခံပညာ အထက်တန်း ကျောင်းများ တွင် ဝေငှပေးခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ မိန့်ခွန်းကောက်နုတ်ချက်များ ၊ အမျိုးသား အောင်ပွဲနေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းတို့ကို အများပြည်သူများ ဗဟုသုတရစေရန် ထည့်သွင်းဖော်ပြထားကြောင်း သိရှိရသည်။

ပိုပိုအောင်