မန်တုံ နိုဝင်ဘာ(၂၂)
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့တွင် ကိုဗစ်(၁၉) ရောဂါ ကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်မှုကို လျော့နည်းစေပြီး မိမိကစ၍ကာကွယ်နိုင်စေရန် ပလောင်၊ မြန်မာဘာသာများဖြင့် ယနေ့ နံနက်ပိုင်းအချိန်က ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများဆောင်ရွက်ခဲ့ပါသည်။
အဆိုပါကျန်းမာရေးဆိုင်ရာ အသိပညာပေး နှိုးဆော်ချက်များတွင် ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ရန်၊ လက်ကိုဆပ်ပြာဖြင့်စက္ကန့် ၂၀ ကြာ အောင် မကြာခဏ ဆေးကြောရန်၊ မိမိအိမ်သို့ ပြင်ပမှလာသော ဧည့်သည်များ လက်မခံရန်၊ မဖြစ်မနေ အရေးကြီးကိစ္စရှိ၍ အိမ်ပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask တတ်ရန်၊ Mask မတပ်သည့်ဆိုင်များတွင် စျေးမ၀ယ်ကြရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask မတပ် သူများ နှင့်တွေ့ဆုံပါက စကားပြောခြင်းမပြုလုပ်ကြရန်၊ အပြင်မှ ပြန်လာပြီးတိုင်း Mask နှာခေါင်းစည်းများကို စနစ်တကျစွန့်ပစ်ကြရန်၊ အသုံးပြုပြီးသော Maskများအား ထပ်မံ အသုံးမပြုကြရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်နှင့်နှာခေါင်း၊ အမျက်နှာတို့ကို ပွတ်သပ် ခြင်းနှင့် ကိုင်တွယ်ခြင်းမပြုလုပ်ကြရန်၊ အ၀တ်စားမလဲမီ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ် ရသေးဘဲ အိမ်သားများနှင့် အနီးကပ်မထိတွေ့ကြရန်၊ လေ၀င်လေထွက် မကောင်းသော အခန်း များ၊ ပြူတင်းတံခါးများဖွင့်ပြီး လေ၀င်လေထွက်ရရှိအောင်ဆောင်ရွက်ထားကြရန်၊ မိမိတို့ ပတ်၀န်းကျင်၌ သံသယလူနာတွေ့ရှိပါက သက်ဆိုင်ရာသို့အမြန်သတင်းပေးပို့ကြရန်၊ မိမိတို့၌ ပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံး ဆက်သွယ်၍ မပျက်မကွက် ဆေးစစ်ကုသမှုခံယူရန်နှင့် ကိုဗစ် (၁၉)ရောဂါ ကူးစက်ပျံ့ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘ ပြည်သူများ အားလုံးက ဝိုင်းဝန်းပူးပေါင်းပါဝင်ပေးကြပါရန် HandSpeaker ဖြင့် ကျယ်ကျယ်ပြန့်ပြန့်တိုက် တွန်း နှိုးဆော်ခဲ့ပါသည်။
ထိုသို့ ကျန်းမာရေးအသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ မြို့မရပ်ကွက်ရှိ စျေးဆိုင်လမ်းများ၊ လမ်းဆုံ နေရာများ၊ အိမ်ခြေထူထပ်သော နေရာများသို့ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။
မန်တုံ( ပြန်/ဆက်)