ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်  နိုဝင်ဘာ  ၂၂

ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသားပြည်သူအားလုံး ဥပဒေအရ ကိုင်ဆောင်သင့်သော ကတ်တစ်မျိူးမျိုး ထုတ်ပေးနိုင်ရေးနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးခြင်းကို မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မေလပထမပတ်မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ယနေ့နံနက်(၁၀)နာရီက (၄၆) ရပ်ကွက်ရှိ ဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ပေးရာတွင် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် မူလဒေသတွင် အိမ်ထောင်စုရှိပြီး လက်ရှိဒေသတွင် အိမ်ထောင်စုမရှိသူများအား မူလဒေသနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများကို အိမ်ထောင်စုစာရင်းများ ဆောင်ရွက်ပေးခြင်း၊ ရပ်ကွက်အတွင်း အသက်(၁၀)နှစ်အထက် ရှိသူများ၊ အသက်(၁၈)နှစ် မပြည့်သေးသူများ၊ အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသေးသူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်း၊ အသစ်လဲလှယ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ (ပြန်/ဆက်)