မိုင်းငေါ့မြို့တွင် ပညာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေး

မိုင်းငေါ့      နိုဝင်ဘာ    ၂၂

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ပညာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ  RDT Test Kit ဖြင့် စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ()နာရီ အချိန်က မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ယာယီပိတ်ထားသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ရာ မိုင်းငေါ့ပညာရေးဌာနမှ ဆရာ(၄)ဦး၊ ဆရာမ (၁၅) ဦး စုစုပေါင်း (၁၉)ဦး တို့အား RDT  Test Kit ဖြင့် စစ်ဆေးခဲ့ရာအားလုံး Negative ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယခုအခါ မိုင်းငေါ့မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် မူလတန်းကျား (၁၄)ဦး၊ မ (၁၈)ဦး၊ အလယ်တန်းကျား (၃၁)ဦး၊ မ (၂၂) ဦး၊ အထက်တန်း ကျား ()ဦး၊ မ () ဦး စုစုပေါင်း (၉၂ )ဦး နှင့် အ.မ.က တာလုံ ကျောင်းတွင် မူလတန်း ကျား (၁၉ )ဦး ၊မ (၂၅) ဦး စုစုပေါင်း (၄၄) ဦး ပညာသင်ကြားလျက် ရှိကြောင်းသိရသည်။

မြင့်သွယ်   (မိုင်းငေါ့ ပြန်/ဆက်)