ဇေယျာသီရိ နိုဝင်ဘာ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အမျိုးသမီးများကို ကာကွယ်ပေးထားသည့် ဥပဒေများအား အသိပညာပေး Talk Showကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၉ အချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အမျိုးသမီးများကိုကာကွယ်ပေးထားသည့် ဥပဒေများအား အသိပညာပေး Talk Showကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သင်းမြတ်မွန်၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးနှင့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)တို့က အမျိုးသမီးများအား ကိုယ်ထိလက်ရောက်ပြုမူခြင်းနှင့် မထိမဲ့မြင်ပြုခြင်းတွင် ကာကွယ်ပေးထားသည့် ဥပဒေများအကြောင်း၊ အိမ်တွင်း အကြမ်းဖက်မှုများတွင် တိုင်ကြားနိုင်သည့် အခြေအနေများ၊ Sex Tape ယူထားပြီး ခြိမ်းခြောက် ငွေညှစ်မှုများတွင် ဥပဒေအရ ကာကွယ်ပေးထားသည့် အကြောင်းအရာများ၊ တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေများအကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇေယျာသီရိမြို့နယ်ရုံးမှ ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ Talk Show အပြည့်အစုံကို ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)