နောင်ချို နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စာရေးဆရာ မောင်ခေတ်ထွန်း၏ “လောဘကြီးသူ” ခေါင်းစဉ်ဖြင့် ပုံပြောအစီအစဉ်ကို ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း မြို့နယ်ရုံး စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ သားငယ်၊သမီးငယ်လေးများအတွက် စာပေဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက Online မှ တစ်ဆင့် သုတ၊ ရသ စာအုပ်မိတ်ဆက် အစီအစဉ် ၊ ဆေးရောင်ခြယ် အစီအစဉ်၊ ပုံပြောခြင်း အစီအစဉ်၊ ကဗျာလေးတွေ ရွက်ကြမယ်အစီအစဉ်၊ စက္ကူအရုပ်ခေါက် အစီအစဉ်များကို စဉ်ဆက်မပြတ် နောင်ချို ပြည်သူ့စာကြည့်တိုက် Page မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ်၊ (ပြန်/ဆက်)