ပျော်ဘွယ်မြို့နယ်တွင် အားကစားပစ္စည်းများလှူဒါန်းခြင်းနှင့်Myanmar Fitness Dance သရုပ်ပြပွဲကျင်းပ

ပျော်ဘွယ် နိုဝင်ဘာ ၂၂

ရမည်းသင်းခရိုင်နှင့်ပျော်ဘွယ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အားက စားပစ္စည်း များထောက်ပံ့လှူဒါန်းခြင်းနှင့် Myanmar Fitness Dance သရုပ်ပြပွဲကျင်းပခြင်းကို ယနေ့ နံနက် ၉ နာရီက ပျော်ဘွယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အောင်သာ) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးဝင်းက အမှာစကားပြောကြားပြီး ရမည်းသင်းခရိုင် အားကစား နှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ထက်ထက်ဝင့်က ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် ကိုယ်လက် လှုပ်ရှားအားကစားမြှင့်တင်ရေး၊ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းရေးတို့ကို ရှင်းလင်းဟောပြောသည်။

ဆက်လက်၍ ရမည်းသင်းခရိုင်ဦးစီးမှူး ဒေါ်ထက်ထက်ဝင့်နှင့် မြို့နယ်အားကစားမှူး ဒေါ်ခင်မျိုးဝင်းတို့က ကျောင်းသား၊ ကျောင်းသူများအသုံးပြုနိုင်ရန်အတွက် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဘော်လီ ဘော၊ အားကစားမဂ္ဂဇင်း စသည်များကိုပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူ ပြီး ရမည်းသင်းမြို့မှ ကျောင်းသား၊ ကျောင်းသူလေးများက Myanmar Fitness Dance ဖြင့်သရုပ် ပြခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)