မြို့သစ်ကျေးရွာတွင် အသက်(၁၂)နှစ်နှင့် အသက်(၁၈)နှစ်အောက် အခြေခံပညာ ကျောင်းသား/ သူများအား ကိုဗစ်−၁၉ ကာကွယ်ဆေး (Sinovac) ထိုးနှံပေး

မိုးမောက် နိုဝင်ဘာ ၂၂

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာ အ.ထ.က ကျောင်း၌ ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ဆောင်ပုဒ်နှင့်အညီ အသက်၁၂နှစ်နှင့် အသက်၁၈နှစ်အောက် အခြေခံပညာကျောင်းသား၊ ကျောင်းသူများကို ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sonivac) ကို ယမန်နေ့နံနက် ၉နာရီခန့်က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် အ.ထ.ကမြို့သစ်၊ အ.ထ.က မိုင်းခတ်၊ အ.ထ.က (ခွဲ) မခွယ်၊ အ.ထ.က(ခွဲ)စီကော်၊ မူလွန်မြို့ဟောင်း စုစုပေါင်း ကျောင်း(၅)ကျောင်းတို့မှာ ကျောင်းအပ်နှံ ထားသော ကျောင်းသား/သူများကို ထိုးနှံပေးလျက်ရှိပြီး မြို့နယ်ဆေးရုံအုပ် ဒေါက်တာစံလင်း၏  ဦးဆောင်မှုနှင့်အတူ မြို့နယ်ပညာရေးမှူး ဒေါ်ကေသီဝင်းနှင့် မြို့နယ်ကျန်းမာရေးမှူး အဆင့်(၁) ဦးစန်းနိုင်နှင့် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်−၁၉ (Sinovac) ကာကွယ်ဆေးထိုးနှံရာ တွင် စနစ်တကျထိုးနှံနိုင်ရေးနှင့် အဆင်ပြေချောမွေ့မှုရှိစေရေးတို့အပြင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ  အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိန်းဖြူ