သုံးခွ နို၀င်ဘာ ၂၂
နို၀င်ဘာလ (၂၈) ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ (အကြို) စာအုပ် ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနCommunity Centre ၌ ယနေ့ နံနက် ၁၁နာရီအချိန်ကကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သုံးခွမြို့နယ်ရုံးမှ (တာ၀န်ပေး) ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ပြုလုပ်ရခြင်း ရည်ရွယ်ချက် အား ရှင်းလင်းပြောကြားသည် ယင်းနောက်မြို့နယ်ရုံးမှ ပြသထားသော အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်တွင် အမျိုးသားနေ့ နှင့်ပက်သက်သည့် ၂၀၂၁ခုနှစ် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ဆောင်ပုဒ်များ၊ ကျွန်ပညာရေးစနစ်အား စတင်သပိတ်မှောက်ရန် မျိုးချစ်ကျောင်းသားများ၏ ဓာတ်ပုံများ၊ ကဗျာများ၊ ပန်းချီ ကာတွန့် ဆောင်းပါးများနှင့် သုတ၊ ရသစာအုပ်များ၊ နံရံကပ်စာစောင်များကို ပြည်သူများကစိတ်ပါ၀င်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ (အကြို)စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင် ပြပွဲကို နို၀င်ဘာ (၂၂)ရက်နေ့မှ (၂၈)ရက်နေ့ထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူလင်း