အလုံ နိုဝင်ဘာ ၂၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page Online မှတဆင့် အသိပညာပေး အစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၁ ရက်နေ့က ကွမ်း၊ ဆေးလိပ် အသိပညာပေး ဉာဏ်စမ်းပဟေဠိ အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်ကို အလုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး အစီအစဥ်တွင် ကွမ်း၊ ဆေးလိပ် အသိပညာပေး မေးခွန်း(၅)ခုကို ဖြေဆိုရမည်ဖြစ်ပြီး ပထမဆုံးအဖြေမှန်သူ ၁၀ဦးအား တစ်ဦးလျှင် ဖုန်းဘေလ် ၃၀၀၀ ကျပ်စီ ဆု လက်ဆောင်ပေးသွားမည်ဖြစ်သည်။
ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ဒီဇင်ဘာလကုန်အထိ (၂)လကြာ ဆောင်ရွက်သွားမည်ဖြစ်ကာ စိတ်ဝင်စားသူမည်သူမဆို ဝင်ရောက်ယှဉ်ပြိုင် နိုင်ကြောင်း သတင်း ရရှိသည်။
မြို့နယ် (ပြန်/ဆက်)