ဝမ်းတွင်း နိုဝင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများနှင့် ဒေသခံပြည် သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အား First Dose၊ Second Dose ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က စုရပ်များတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm၊ First Dose၊ Second Dose ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးရာတွင် မြို့ပေါ် ရပ်ကွက်/ကျေးရွာများအုပ်စုများရှိ အသက်(၆၅)နှစ်အထက် ရှိသူများ၊ ဒေသခံပြည်သူများနှင့် Volunter များအား ကျန်မာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက် စာရင်းများ ရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေး ကောင်းမွန်သူ အသက်(၆၅)နှစ်ထက် ရှိသူများ၊ ဒေသခံပြည်သူ (၁၇၀၀) ဦးအား ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွာသို့ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျန်မာရေးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ စေတနာလုပ်အားရှင်များနှင့် ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုရဲ(ဝမ်းတွင်း)