မိုင်းငေါ့မြို့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ (Talk Show) ကျင်းပ ပြုလုပ်ဆောင်ရွက်

မိုင်းငေါ့    နိုဝင်ဘာ   ၂၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာန တို့ ပူးပေါင်းပြီး ယမန်နေ့ နံနက် (၁၀) နာရီအချိန်က (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြို ဟောပြောပွဲ Talk Show ကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိူဟောပြောပွဲ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်မို့မို့ ကဟောပြောပွဲ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ပညာရေးဌာနမှ အထက်တန်းပြ ဆရာမ ဒေါ်နန်းထွေးလင်းကြည်က အမျိုးသား အောင်ပွဲနေ့ ဖြစ်ပေါ်လာပုံများ၊ အမျိုးသားအောင်ပွဲနေ့အဖြစ် ကျောင်းသား လူငယ်လူရွယ်များနှင့် ပြည်သူများအားလုံး မမေ့လျာ့တတ်ကြစေရန်နှင့် အမျိုးသားရေး  စိတ်ဓါတ်များအစဉ် ကိန်းအောင်း နေပြီး ထိန်းသိမ်း စောင့်ရှောက်တတ်စေရန် အရေးကြီးကြောင်း စသည်ဖြင့် အသိပညာပေး ဆွေးနွေး‌ ဟောပြောခဲ့ပါသည်။

မိုင်းငေါ့ ပြည်သူ့စာကြည့်တိုက် တွင် စာအုပ် စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း၊ ကလေး အတွက် ပြပွဲ၊ ပြိုင်ပွဲ များပြုလုပ်ပေးခြင်း ၊Online မှတစ်ဆင့် ပုံပြောခြင်း၊ကဗျာရွတ်ဆိုခြင်း စက္ကူ၊ရုပ်ခေါက်ခြင်း များသာမက Talk Show များ၊ ဆွေးနွေးပွဲများ ကိုလည်း ရိုက်ကူးတင်ဆက် ပေးလျက်ရှိ‌ ကြောင်း သိရပါသည်။

မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)