မြဝတီ နိုဝင်ဘာ ၂၂
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက် ၁၁ နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲသို့ မြဝတီမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ ဝါသနာပါသည့် ကလေးငယ်များက လာရောက်ယှဉ်ပြိုင်ကြပြီး မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စီစဉ်ဆောင်ရွက်ပေးသည်။
အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားရေးစိတ်ဓါတ် ရှင်သန်ထက်မြတ်ရေးနှင့် ကလေး ငယ်များ ပျော်ရွှင်စေရေးနှင့် ဉာဏစွမ်းရည် တိုးတက်စေရေး ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)