ရမည်းသင်း နိုဝင်ဘာ ၂၂
စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းနှင့် စာပေဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက် ၁၀နာရီ အချိန်က (Book Club) အဖွဲ့ ဦးဆောင်၍ စာပေချစ်မြတ်နိုးသူများမှ စာရေးဆရာ ရခိုင်မင်းဆက်ရေးသားသည့် အိပ်မက်တွေကို ဆက်ထိန်းထားနှင့် အခြားစိတ်ခွန်အားဖြည့် ဘာသာပြန်စာများစာအုပ်ကိုစာဖတ်ဝိုင်း ကျင်းပပြု လုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမည်းသင်းခရိုင် ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ် ချက်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးတို့အား ရှင်းလင်းပြောကြားကာ (Book Club) အသင်းအဖွဲ့ဝင်ဒေါ်ညိုမီမှ အိပ်မက်တွေ ဆက်ထိန်းထား နှင့် အခြားစိတ်ခွန်အားဖြည့် ဘာသာပြန်စာများ စာအုပ်ပါ "ပြီးပြည့်စုံသောသူ" အကြောင်း ဆွေးနွေးရာတက်ရောက်လာသည့် (Book Club) အသင်းအဖွဲ့ဝင်များနှင့် တက်ရောက်လာသည့် စာပေဝါသနာရှင်တို့မှ ကျွန်တော်တို့ မျှော်လင့်ထားသမျှအရာရာနှင့် ပြီးပြည့်စုံခြင်း မရှိသော သူကို အမြင်ခြင်းဖလှယ်၍ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇော်ဝင်းအောင်