မိုင်းတုံမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်း ဆောင်ရွက်

မိုင်းတုံ   နိုဝင်ဘာ   ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊မိုင်းတုံမြို့နယ်၊ မိုင်းတုံကျေးရွာစု ပိန်းမုံကျေးရွာသို့ ပန်ခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခြင်းကို‌ ယမန်နေ့  နံနက် (၉)နာရီခွဲက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မိုင်းတုံမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှုး ဦးအောင်အောင်ထွန်းနှင့် ဝန်ထမ်းများက ကျေးရွာများအလိုက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခဲ့ရာ မိုင်းတုံအုပ်စုတွင် ရောက်ရှိပြီး မိုင်းတုံအုပ်စုအတွင်း‌ရှိ‌ ကျေးရွာ‌နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ စိစစ်ထုတ်ပေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။

မိုင်းတုံအုပ်စုတွင် ကျေးရွာ(၂)ရွာဆောင်ရွက်ပြီးဖြစ်၍ ကျန်ရှိသောကျေးရွာများသို့ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်အောင်ထွန်းထံမှ သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)