ငါန်းဇွန် နိုဝင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပတ်စဉ် တနင်္လာနေ့တိုင်း ဝန်ထမ်းများ စာဖတ်ဝိုင်း ကျင်းပလျက်ရှိရာ ယနေ့နံနက် ၁၀နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့ နယ်ရုံးဝန်ထမ်းများက စာရေးဆရာ ဒေါက်တာဌေးလှိုင် (ရူပဗေဒ) ၏ “နားနားနေနေနှင့် အခြား ဆောင်းပါး များ” စာအုပ်ဖတ်ရှုပြီး စာဖတ်ဝိုင်း ပြုလုပ်ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဦးက “နားနားနေနေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးသက်နောင်ဦး (ဓာတ်ပုံကျွမ်းကျင်-၂) က “တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် တာဝန်ကျေမှု” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်ချိုမြင့်ကြည် (စာကြည့်တိုက် လက်ထောက်-၃)က “စာဖတ်သောအသိုင်းအဝိုင်းများ ဝိုင်းဝန်းဖန်တီးကြစို့” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးကိုကိုနိုင် (ရုပ်သံကျွမ်းကျင်-၃)က “သတ္တိရှိကြသူများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးဘုန်းကျော် (အငယ်တန်းစာရေး)က “ဘောလုံးပွဲတစ်ပွဲမှာ နည်းပြတွေမများစေချင်” ခေါင်းစဉ်ဖြင့် လည်းကောင်း စာရေးဆရာ ဒေါက်တာဌေးလှိုင် (ရူပဗေဒ) ၏ “နားနားနေနေနှင့် အခြား ဆောင်းပါးများ” စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ ဖတ်ရှုလေ့လာနားလည်မှုများအား အပြန်အလှန် ရှင်းလင်းဆွေးနွေးကြ ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)