ကရသူရိမြို့တွင် ကျောင်းသား/သူ များအား အသိပညာပေး မြေစိုက်ပိုစတာနှင့် နံရံကပ်စာစောင် များပြသ

ကရသူရိ    နိုဝင်ဘာ  ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား/သူများ အသိပညာ ဗဟုသုတရရှိရေးအတွက် မြေစိုက်ပိုစတာများနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့ မွန်းတည်းပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ပြသရာတွင် ကျောင်းသား/သူများအနေဖြင့် မူးယစ်အန္တရာယ် ရှောင်ရှားနိုင်ရန်အတွက် မူးယစ်ဆေး ဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးပိုစတာများ၊မှတ်တမ်းဓာတ်ပုံများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း ကြောင့်ဆိုးကျိုးများဖြစ်ပေါ်လာသည့် ပညာပေးစာစောင်များ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ Mask စနစ်တကျ တပ်ဆင်/သွားလာနေထိုင် ခြင်း၊ ရောဂါ လက္ခဏာများအကြောင်းနှင့် (Sinovac) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပုံများကိုပြသထားကြောင်း အဆိုပါသို့ ကရသူရိမြို့ အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား/ သူများက ဝင်ရောက်လေ့လာကြည့်ရှု ကြကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)