ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး  အသိပညာပေးနှိုးဆော်ချက်များ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

ရှမ်းရွာသစ်  နိုဝင်ဘာ   ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန် ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့အသိပေး ပြန်ကြားချက်များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိ လိုက်နာကြစေရန်အတွက်  အသိပညာပေးနှိုးဆော်မှုများအား ယနေ့နံနက်ပိုင်းတွင် ရှမ်းရွာသစ် မြို့ မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။   

အဆိုပါအသိပညာပေးလုပ်ငန်းတွင်ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မိဘပြည်သူများအနေဖြင့် မိမိတို့အိမ်အတွင်း၌သာ နေထိုင်ကြ ရန်၊ ပြင်ပမှ လာသော ဧည့်သည်များလက်မခံကြရန်၊ အခြားသူများထံသို့ သွားရောက်လည်ပတ် ခြင်းမပြုရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့်အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ ကိုစနစ်တကျတပ်ဆင်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းကိုရှောင်ကြဉ်ကြရန် စသည့် အချက်များကိုရပ်ကွက်များအတွင်း လှည့်လည်၍ လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)