တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ်  နိုဝင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းနေရာယူပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ်အား စစ်ရေးပြမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင် အသင်းများက အလေးပြုပြီး တန်းအပ်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုက မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲသည် ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်း နေပြည်တော်၌ ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ရန်အတွက် တနင်္သာရီတိုင်း ဒေသကြီးကိုယ်စားပြု လက်ရွေးစင်အားကစားသမားများ ရွေးထုတ်နိုင်ရန် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင် ရေးနှင့် တိုင်းဒေသကြီးပိုက်ကျော်ခြင်း အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာရေးအတွက် ရည်ရွယ်ကျင်းပသော ပြိုင်ပွဲတစ်ခုလည်း ဖြစ်ကြောင်း၊  ထူးချွန်ထက်မြက်သော အားကစား သမားကောင်းများ ပေါ်ထွက်လာပြီး ပိုက်ကျော်ခြင်းအားကစား အဆင့်အတန်း ပိုမိုမြင့်မား တိုးတက်လာစေရေး အထောက်အကူပြုနိုင်ရေးအတွက် ရည်ရွယ်၍ ပြိုင်ပွဲကျင်း ပခဲ့ခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲကျင်းပရေးကော်မတီအနေဖြင့် ပြိုင်ပွဲ စ၊ လယ်၊ ဆုံး အောင်မြင်စွာ ပြီးဆုံးရေးအတွက် စနစ်တကျ စီမံဆောင်ရွက် သွားကြရန်လိုကြောင်း၊ ပိုက်ကျော်ခြင်း အားကစားသမား များအနေဖြင့် အရည်အချင်းပြည့်ဝသော တိုင်းဂုဏ်ဆောင် နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားကောင်းများ ဖြစ်အောင် ကြိုးစား ယှဉ်ပြိုင် ကစားသွားကြရန်လိုကြောင်း ပြောကြားသည်။

ထိုနောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး ကွင်းအတွင်းမှပြန်လည် ထွက်ခွာကာ ပထမပွဲစဉ် အဖြစ် အမျိုးသား မြိတ်အသင်းနှင့် လောင်းလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေး ရာ မြိတ်အသင်းက  အနိုင်ရရှိသည်။

ပြိုင်ပွဲတွင် အမျိုးသား(၁၀)သင်း၊ အမျိုးသမီး(၈)သင်း ပါဝင်ယှဉ်ပြိုင်ပြီးနိုဝင်ဘာ  ( ၂၆ ) ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြ မည်ဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)