လိပ်သို နိုဝင်ဘာ ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ပြည်သူများ နေအိမ်ပြင်ပထွက်ခွာပါက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ သွားလာရန်အသိပညာ ပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ လှည့်လည်အသိပညာပေး နှိုးဆော်ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ထိထိရောက်ရောက် ကာကွယ်နိုင်ရန်အတွက် မိမိနေအိမ် တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်သို့ ပြင်ပမှဧည့်သည်များ လက်မခံကြရန်၊ မဖြစ်မနေ အရေးကြီး ကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်စည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ အရာ၀တ္တုတစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စနစ်တကျ ဆေးရန်၊ အကယ်၍မိမိတို့ရောဂါ ပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြပါရန် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက် ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအနေဖြင့် ကိုယ်စီလိုက်နာကြပြီး ပူးပေါင်း ပါ၀င် ဆောင်ရွက်ပေးကြရန် စသည့်အချက်များကို မြို့ပေါ်/ရပ်ကွက်နှင့် ကျေးရွာနေ ပြည်သူများအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေး Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့ (ပြန်/ဆက်)