ကာလိ နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ကျေးရွာနေပြည်သူများမှ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့မရခြင်းတို့ကြောင့် ယမန်နေ့ နေ့လယ် (၁) နာရီ အချိန်ခန့်က ကာလိတိုက်နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်၍ RDT Test Kit ဖြင့် စစ်ဆေးမှုခံယူခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ (၉) ဦး စစ်ဆေးတွေ့ရှိကြောင်း သိရသည်။
အဆိုပါ ပြည်သူ (၉)ဦးတို့သည် ကျိုင်းလွန်းကျေးရွာအုပ်စု၊ ဝိန်းဖွီးကျေးရွာနေ အမျိုးသမီးတစ်ဦး၊ ဆဟန်ကျေးရွာနေ အမျိုးသားတစ်ဦး၊ အမျိုးသမီး (၄)ဦး၊ ဟိုပန်ကျေးရွာ အုပ်စု၊ နမ့်လန် ကျေးရွာနေ အမျိုးသမီး (၃)ဦး ဖြစ်ပြီး ၎င်းတို့အား ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ တိုက်နယ် ပြည်သူ့ဆေးရုံ အထူးကုသဆောင်၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီထံမှ သိရသည်။
ဝင်းကျော် (ကာလိ)