တံတားဦးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအသုတ် ( Second Dose )နှင့် စတုတ္ထအသုတ်( First Dose )  ဒေသခံပြည်သူများအား  ဆက်လက်ထိုးနှံပေး

တံတားဦး  နိုဝင်ဘာ  ၂၂

 

ကျောက်ဆည်ခရိုင်     တံတာဦးမြို့နယ်၌   တတိယအသုတ်  ( Second  Dose   )နှင့် စတုတ္ထအသုတ် ( First Dose )    ကာကွယ်ဆေးများအား ဒေသခံပြည်သူများကို ယနေ့နံနက်(၉)နာရီက ဆေးထိုးစုရပ်များတွင် ဦးတည်အုပ်စုအလိုက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက် ထိုးပေးလျက်ကြောင်း သိရသည်။

ပြည်သူများအား   အောက်တိုဘာလအတွင်း    တတိယအသုတ်  (Second  Dose)ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခဲ့ရာတွင် လူဦးရေပေါင်း (၇၄၀၀)ဦးထိ ထိုးနှံပေးခဲ့ပြီး အဆိုပါ ဒေသခံ ပြည်သူများ ဒုတိယအကြိမ်ကိုလည်းကောင်း၊ စတုတ္ထအသုတ် ( First Dose )  ပထမအကြိမ် ဒေသခံ ပြည်သူများကို   ဆက်လက်ထိုးနှံပေးရာ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဆရာတော်၊ သံဃာတော်များ၊ အသက်(၁၈)နှစ်အထက်ရှိသည့် ပြည်သူများက လာရောက်ထိုးနှံကြရာ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အဖွဲ့ဝင်များ၊ တံတားဦး မြို့နယ် ပြည်သူ့ဆေးရုံအုပ်ဆရာဝန်ကြီးနှင့် တာဝန်ရှိသူများ၊ စေတနာ့ရှင်ပြည်သူများက ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံခြင်းကိုလည်း သတ်မှတ်ရက်များတွင် ဆေးထိုးအုပ်စု များအလိုက် ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှသိရသည်။

ရဲတင့်(တံတားဦး)