ကျောက်ဆည်မြို့နယ်တွင် စတုတ္ထအသုတ် (ပထမ) အကြိမ်နှင့် တတိယအသုတ် (ဒုတိယ) အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ကျောက်ဆည် နိုဝင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများ ကာကွယ် ဆေးထိုးရာတွင် အဆင်ပြေစေရေးအတွက် စုကြီးရပ်ကွက်၊ မြို့တော်ခန်းမနှင့် ကျေးလက် ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ မင်းစု၊ သံရွာ၊ စမာ၊ ဒွေးလှ၊ ဖျောက်ဆိပ်ပင် ကျေးရွာများရှိ တိုက်နယ်ဆေးရုံများတွင် ယနေ့နံနက် (၉) နာရီခွဲက အုပ်စုများခွဲကာ စတုတ္ထ အသုတ် (ပထမ) အကြိမ်နှင့် တတိယအသုတ် (ဒုတိယ) အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်းရေးကော်မတီ ဦးဆောင်မှုဖြင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်းကာ ပြည်သူများ စိတ်အေးချမ်းသာစွာရှိစေရေး  စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိရာ စတုတ္ထအသုတ် (ပထမ) အကြိမ်တွင် သံဃာတော်နှင့် သီလရှင်(၁၈)ပါး၊ အစိုးရ ကျန်းမာရေးဝန်ထမ်း(၄)ဦး၊ နိုင်ငံဝန်ထမ်း(၅၁)ဦး၊ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်း(၃၉)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ကိုင်သူ(၅၆)ဦး၊ ဟိုတယ်/တည်းခိုခန်း လုပ်ကိုင်သူ(၃)ဦး၊ ပုဂ္ဂလိကငွေကြေး ဝန်ဆောင်မှု လုပ်ကိုင်သူ(၃)ဦး၊ အခြား ဝင်ငွေရပြည်သူ(၄၀၂၀)ဦး၊ မှီခိုပြည်သူ(၁၃၅၆)ဦး၊  မသန်စွမ်းသူ(၁)ဦး၊ ကျောင်းသား/ကျောင်းသူ (၄၀၀၆)ဦး ရှိကြောင်း  သိရှိရသည်။

တတိယအသုတ် (ဒုတိယ) အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို သံဃာတော်နှင့် သီလရှင်(၃၇)ပါး၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း (၄)ဦး၊ လူမှုရေးအသင်းအဖွဲ့ဝင်(၂)ဦး၊  နိုင်ငံဝန်ထမ်း (၆၄)ဦး၊ ပုဂ္ဂလိက စက်ရုံ၊အလုပ်ရုံ ဝန်ထမ်း(၄၂) ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ကိုင်သူ (၁၀၉)ဦး၊ ဟိုတယ်/ တည်းခိုခန်းလုပ်ကိုင်သူ(၄)ဦး၊ ပုဂ္ဂလိက ငွေကြေးဝန်ဆောင်မှု လုပ်ကိုင်သူ(၃)ဦး၊ ပုဂ္ဂလိက ပညာရေးဝန်ထမ်းဝန်ထမ်း (၁၃)ဦး၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်(၆)ဦး၊ အခြား ဝင်ငွေရပြည်သူ (၄၂၄၄)ဦး၊ စားသောက်ကုန်ပစ္စည်း ရောင်းချသူ(၁၅)ဦး၊ မှီခိုပြည်သူ (၁၃၂၅)ဦး၊  မသန်စွမ်းသူ(၂)ဦး၊ စုစုပေါင်း (၅၈၇၀) ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးပေးပြီးဖြစ် ကြောင်း  မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)