ညောင်ဦး နိုဝင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံသည့် နေရာပြောင်းလဲ ထိုးနှံမည့် နေရာများကို ပြည်သူများသိရှိစေရန်အတွက် ယမန်နေ့ညနေ ၃ နာရီအချိန်နှင့် ယနေ့နံနက် ၆ နာရီ အချိန်တို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမည့် နေရာများအား ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများ အသံချဲ့စက် ဖြင့် ကျေးရွာ/ရပ်ကွက်များသို့ လိုက်လံအသိပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းအား ညောင်ဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမတွင်ထိုးနှံပေးခဲ့ရာမှ ယခုအခါ ရွှေစည်းခုံဝေဇယန္တာဗိမ္မာန်တော်ကြီးတွင် ပြည်သူများအလွယ်တကူ ထိုးနှံနိုင်ကြရန် ရွေ့ပြောင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဦးစားပေးအစီအစဉ်အလိုက် အဓိက အလေးထားဆောင်ရွက်လျက်ရှိရာ ညောင်ဦးမြို့နယ်အတွင်းရှိ အသက် ၁၈ နှစ် အထက် များ၊ အသက် ၄၀ နှစ်မှ ၅၉နှစ်၊ အသက် ၆၀ နှစ်မှ အသက် ၆၉ နှစ်နှင့်အထက်၊ မသန်စွမ်း သူများ၊ နာတာရှည်ရောဂါရှိသူများနှင့် မကူး စက်နိုင်သော ရောဂါရှိသူများအား လည်းကောင်း၊ ပထမအကြိမ် Sinopham ဆေးထိုးပြီး ဒုတိယအကြိမ် ဆေးထိုးရန် ကျန်ရှိသူများအားလည်းကောင်း၊ ယနေ့တွင်လည်း နံနက် ၉ နာရီအချိန်မှစတင်ပြီး ရွှေစည်းခုံဘုရား ဝေဇယန္တာဗိမ္မာန်၊ ပုဂံအထက၊ တောင်ဇင်းအထက၊ ငါ့သရောက် တိုက်နယ်ဆေးရုံတို့တွင် ကာကွယ်ဆေးထိုးနှံ ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျေးရွာ/ ရပ်ကွက်နေ မိဘပြည်သူများ သိရှိနိုင်စေရန် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မေသန္တာ အောင်ထံက သိရသည်။
ကိုထိန်၊KPD