မိုင်းဆတ်မြို့၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စကားထာဝှက်ပြိုင်ပွဲ ကျင်းပပြုလုပ်

မိုင်းဆတ်      နိုဝင်ဘာ      ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စကားထာဝှက် ပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်စေရန်၊ အားလပ်ချိန်ကို အကျိုးရှိရှိအသုံးချတတ်စေရန်၊ အဖွဲ့ အစည်းအတွင်း ပူးပေါင်းပါဝင်တတ်သည့် အလေ့အကျင့်ရရှိစေရန်၊ စကားထာများ၏ အဓိပ္ပာယ်များကို ဗဟုသုတရရှိစေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန် ရည်ရွယ်၍  စကားထာဝှက်ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ လာရောက်ယှဉ်ပြိုင် ကစားခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြင့်မောင် (မိုင်းဆတ်)