ပိုင်ကျုံ နိုဝင်ဘာ ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်ချက်များကို ယမန်နေ့နံနက်(၉)နာရီအချိန်တွင် ကာကွယ်ဆေး ထိုးရန်စုရပ်ဖြစ်သည့် ပိုင်ကျုံ တိုက်နယ်ဆေးရုံ၌ ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပေး ကြေညာပေးခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေး နှိုးဆော်ချက်များကြေညာရာတွင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါသည် မိမိကစ၍ ကာကွယ်ရမည့်ဖြစ်ရာ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေမည့် နည်းလမ်းများကို ကာကွယ်ဆေးလာရောက်ထိုးနှံသည့် မိဘပြည်သူများအား အသိပညာ ဗဟုသုတ ပိုမိုသိရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ကာကွယ်ဆေးထိုးပြီးသော်လည်း ဆက်လက်လိုက်နာဆောင်ရွက်ရမည့် အချက်များ အား လိုက်လံအသိပေး ကြေညာခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)