ကချင်ပြည်နယ်၀န်ကြီးချုပ်က (၇၅) နှစ်မြှောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ‘‘တူယှဉ် နွှဲပျော် ဂီတပွဲတော်’’ တေးသီချင်းသီဆိုမှု ပြိုင်ပွဲသို့ တက်ရောက်

မြစ်ကြီးနား   နိုဝင်ဘာ ၂၁

၇၅နှစ်မြှောက်စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကချင်ပြည်နယ်၏ ‘‘တူယှဉ်နွဲပျော် ဂီတပွဲတော်’’ တေးသီချင်းသီဆိုမှုပြိုင်ပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က  မြစ်ကြီးနား မြို့ မြို့တော် ခန်းမမှာကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့်အစိုးရအဖွဲ့ဝင်ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပေဒေချုပ်နှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ အဆိုဝါသနာရှင်များ တက်ရောက် ခဲ့ကြပါတယ်။

ဦးစွာပြည်နယ်ဝန်ကြီးချုပ်က ယခုကျင်းပတဲ့ အဆိုပြိုင်ပွဲဟာ ၂၀၂၂ခု နှစ်ဖေဖော်ဝါရီလ ၁၂ရက်နေ့ တွင် ကျရောက်မည့် ၇၅ နှစ်စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့် အစီအစဉ်ဖြင့် ကျင်းပပြုလုပ်တဲ့ "တူယှဉ်နွှဲပျော်ဂီတပွဲတော်" တေးသီချင်း သီဆိုပြိုင်ပွဲနှင့် ဖျော်ဖြေပွဲတွင် ကချင်ပြည်နယ်ကိုယ်စားပြု ယှဉ်ပြိုင်နိုင်ဖို့အတွက် အဆိုပညာရှင်များ ရွေးချယ်ခြင်းဖြစ်‌‌ကြောင်း၊ အဆိုပါပြိုင်ပွဲအား ၇၅နှစ်မြှောက် စိန်ရတုပြည်ထောင်စုနေ့ကို ပြည်သူများမှတ်မှတ်ထင်ထင် သိရှိစေပြီး စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ် ထွန်းကားပြန့်ပွားစေရန်နှင့် ကိုဗစ်ရောဂါ ကာလအတွင်း ကိုယ်စိတ်နွမ်းနယ်လျက်ရှိတဲ့ ပြည်သူ များအား ဖျော်ဖြေပေးနိုင်ရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး အကဲဖြတ်အမှတ်ပေး ဒိုင်တစဦးမှ ပြိုင်ပွဲစည်းကမ်းများနှင့် အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး  မြစ်ကြီးနား၊ ဝိုင်းမော်၊ ဒေါ့ဖုန်းယန် မြို့နယ်တို့မှ အဆိုရှင် ၆ ဦးတို့က Grand finalအဆင့်အဖြစ်  ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ကချင်ပြည်နယ် ကိုယ်စားပြုဖြစ် အဆိုရှင် ၃ဦးအား စိစစ် ရွေးချယ်ခဲ့သည်။

ထို့နောက် ပြည်နယ်၀န်ကြီးချုပ်နှင့် ပြည်နယ်၀န်ကြီးများက ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသော အဆိုရှင်များနှင့် အကဲဖြတ်ဒိုင်လူကြီးများအား ဂုဏ်ပြုဆု‌‌ငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး စိန်မောင်နှမကုမ္ပဏီမှ တာ၀န်ရှိသူများကလည်း ပြိုင်ပွဲ၀င် အဆိုရှင်များအား ‌အမှတ်တရ မေတ္တာလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲအား နို၀င်ဘာလ ၂၆ ရက်နေ့မှ ဖေဖော်ဝါရီလ၁၁ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အသက် ၁၈နှစ်မှ အသက် ၅၀နှစ် အတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုလျှင် အဆိုရှင် ၃ဦးနှုန်းဖြင့် စုစုပေါင်း(၄၅)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။