သပိတ်ကျင်းမြို့ လူထုအခြေပြုဗဟိုဌာန(Communit Center) ခန်းမတွင် ဆေးရောင်စုံခြယ်ပြိုင်ပွဲနှင့် နံရံကပ် စာစောင်ပြပွဲ ကျင်းပ

သပိတ်ကျင်း နိုဝင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့ မွန်းလွဲ(၂)နာရီ အချိန်က ကျင်းပခဲ့သည်။

အဆိုပါ(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုအထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲကို သပိတ်ကျင်းမြို့ အ.ထ.က ကျောင်းသား/သူလေးများမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆေးရောင်ခြယ်ပြိုင်ပွဲ များကို ကျောင်းသူ/သားများ ဉာဏ်ရည်ထက်မြက်ပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချ တတ်စေရန်၊ စာကြည့်တိုက်များသို့ ရောက်ရှိပြီး စာဖတ်သည့် အလေ့အထများရရှိစေရန်၊ ဗဟုသုတရရှိစေရန်နှင့် အမျိုးသားနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြိုးမမမှ ကျောင်းသား/သူများအား ပြောကြားခဲ့ပြီး၊ အမျိုးသားနေ့နှင့်ပတ်သက် သည့် နံရံကပ်စာစောင်များအား အခမ်းအနားသို့တက်ရောက်လာသူများနှင့် ကျောင်းသား/သူ များမှ စိတ်ဝင် တစား ကြည့်ရှုခဲ့ကြသည်။

ထို့နောက် ဆေးရောင်ခြယ်ပြိုင်ပွဲအား ဆက်လက်ကျင်းပခဲ့ပြီး ဆုရ ကျောင်းသား/သူများအား မြို့နယ် ဦးစီးမှူးနှင့်တာဝန်ရှိသူများမှ ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စိုးနိုင်ဝင်း