မိုင်းခတ်မြို့နယ် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရမှု ရှိ/မရှိ အခဲမဲ့ စစ်ဆေးပေး

မိုင်းခတ် နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ် ဒေသခံပြည်များအား ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရမှု ရှိ/မရှိ အခမဲ့စစ်ဆေးပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့မစျေးနှင့် စျေးရောင်း၊ စျေးဝယ်သူများကို  RDT Test Kit ဖြင့် တာဝန်ရှိသူများက စစ်ဆေး ပေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် ဌာဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းတို့က ပူပေါင်းပြီး မိုင်းခတ်မြို့တွင်း စျေးရောင်း၊စျေးဝယ် လာရောက်သူများနှင့် ဒေသခံပြည်သူများအား RDTtestkit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရသူ (၄)ဦး ထပ်မံစစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါပူးပေါင်းအဖွဲ့များသည် မိုင်းခတ်မြို့နယ်အတွင်း နေ့စဉ်ဖြတ်သန်း သွားလာနေသော ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်သူများအား အပူချိန် တိုင်းတာပေးခြင်း၊ ခရီးသွားရာဇဝင်များ ရေးသွင်းခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ ကိုဗစ်-၁၉ရောဂါပိုး ပြန့်ပွားကူးစက်မှု မရှိစေရေး နေ့စဉ် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)