မိုင်းယု နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပပြုလုပ်သည့် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးTalk Show ဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်းက အဆိုပါရုံး၏ လူထုအခြေပြု ဗဟိုဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင်-၂ ဦးကိုကိုနိုင်က (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်အတူ “မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြတ်ရေး”ခေါင်းစဉ်ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နန်းကောင်ကျောက်က “အမျိုးသား အောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ”၊ “လူငယ်နှင့် အမျိုးသားရေးစိတ်ဓာတ်”စသည့် ခေါင်းစဉ်တို့ဖြင့် အနာဂတ်မျိုးဆက်သစ် လူငယ်များ ဗဟုသုတရရှိစေရန်နှင့် မမေ့မလျော့စေရန်အတွက် အပြန်အလှန် မေးမြန်းဆွေးနွေး ခဲ့ကြသည်။
မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများနှင့် ကလေးငယ်များ အတွက် အွန်လိုင်းမှ အသိပညာနှင့် အတတ်ပညာဗဟုသုတ တိုးပွားစေရေးအတွက် နည်းလမ်းမျိုးစုံဖြင့် တင်ဆက်ပေးခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ ပြည်သူတို့ သိသင့် သိထိုက်သည်များအား ကြော်ငြာဘုတ်များ ကပ်ပေးခြင်း၊ နံရံကပ်စာစောင်များ ပြသပေးခြင်းနှင့်အတူ ပညာပေး ဆော်ဩမှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။
ကိုကိုနိုင်