မြိတ်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မြိတ်   နိုဝင်ဘာ   ၂၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ပိုက်ကျော်ခြင်း မျိုးဆက် သစ် အားကစား သမားများ ပေါ်ထွန်းလာစေရေးအတွက် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဖလား ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေပိုင်းက မြိတ်ခရိုင် အားကစား ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပိုက်ကျော်ခြင်း (၃)ယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပရာတွင် မြေနီလမ်းပိုက်ကျော်ခြင်း ကလပ်အသင်းနှင့် မြိတ်မြို့နယ် (က)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြေနီလမ်းပိုက်ကျော်ခြင်း ကလပ်အသင်းက နှစ်ပွဲတစ်ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲကို ဌာနဆိုင်ရာများနှင့် အားကစား ဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။

ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကျင်းပခဲ့ရာ ဒုတိယနှင့် ပထမဆုရရှိသောအသင်းတို့မှ အားကစား သမား များအား လည်ဆွဲဆုနှင့် ငွေသားဆုများကို   တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပထမဆုရရှိသော အသင်းအား တံခွန်စိုက်ဆုဖလားကို မြို့နယ်အားကစားနှင့် ကာယပညာကော်တီဥက္ကဋ္ဌ ကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးငွေစိုးက ပေးအပ် ချီးမြှင့်ခဲ့သည်။ အဆိုပါပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း (၆)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး နိုဝင်ဘာလ(၁၆)ရက်မှ(၁၉)ရက်အထိ ကျင်းပခဲ့ ကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )