အင်တောမြို့၌ မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

အင်တော  ဩဂုတ်   ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးခွင့်ရရှိစေရေးနှင့် အမည်များပြည့်စုံ မှန်ကန်မှု ရှိစေရန် မဲစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့ပေါ် (၆) ရပ်ကွက်သို့ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မဲစာရင်းများတိုက်ဆိုင်ရာတွင် အင်တောမြို့ပေါ် (၆)ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့က မဲဆန္ဒရှင်စာရင်းများ ပြုစုထုတ်ပြန် ရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအမည်များ ပါရှိရန်နှင့် ပြည့်စုံမှန်ကန်စေရန်၊  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အားလုံး ဆန္ဒမဲထည့်နိုင်သည့် အခွင့်အရေးရရှိစေရန်အတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်း၍ စာရင်းများကို တိုက်ဆိုင်စစ်ဆေးခြင်း၊  ကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း၊ မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အမည်များပါရှိစေ ရေးအတွက် ရွှေ့ပြောင်းလုပ်သားများ/ အိမ်ငှားများနှင့် ကျူးကျော်များ အားလုံးပါဝင်နိုင်ရေး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊  မဲစာရင်းများ ကောက်ယူပြုစုစဉ် စာရင်း၌မပါရှိခြင်း၊ (၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်မပါရှိသူများ အား အချက်အလက်မှန်ကန်မှုရှိစေရေးများကို တိုက်ဆိုင်စစ်ဆေးခြင်းနှင့် လိုအပ်သည့် ပြင်ဆင ်ဖြည့်စွက်မှုများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပြင်ဆင်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ခိုင် (အင်တောပြန်/ဆက်)