လယ်ဝေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်

လယ်ဝေး နိုဝင်ဘာ ၂၀

ပြည်ထောင်စုနယ်မြေ၊  ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါစနစ် တကျ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ လိုက်နာရမည့် အချက် အလက်များ၊ ဆောင်ရန်၊ ရှောင်ရန်များအား ပြည်သူများသိရှိပြီး ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ လယ်ဝေးမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက ရပ်ကွက်နှင့်ကျေးရွာများတွင်း လှည့်လည်အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင် ထားပါ၊ လူအများနှင့် ထိတွေ့ဆက်ဆံရပါက  မျက်နှာအကာ ( Face Shield) ကို တွဲဖက်တပ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှခပ်ခွာခွာ နေထိုင်လုပ်ကိုင်ပါ၊ လူစုလူဝေး ရှောင်ပါ၊ လက်ကိုစက္ကန့် (၂၀) ကြာ မကြာခဏစနစ်တကျဆေးကြောပါ၊ အလုံပိတ် အခန်းများ၊ အဲကွန်းအခန်းများ၊ လေဝင်လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံးရှောင် ကြဉ်ပါ၊ အိမ်အပြင်သို့ ထွက်လေ့ ရှိသူများအနေဖြင့် အိမ်ရှိအသက်(၆၀)နှစ်အထက် အသက်အရွယ်ကြီးရင့်သူ ဆီးချို၊ သွေးတိုး၊ နှလုံး စသည့် နာတာရှည်ရောဂါရှိသူများနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ပါ၊ အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်း စည်း(Mask)ကို စနစ်တကျတပ်ဆင်ပါ စသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး လုပ်ငန်းများကို ပြည်သူများသိရှိစေရန်အတွက် (Hand Speaker) ဖြင့် လှည့်လည်အသိ ပေးခြင်းလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)