သာစည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းပြီး ဆက်လက်ဆောင်ရွက်ပေး

                                                                              သာစည် နိုဝင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန   မြို့နယ်းဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့်  အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များကို ဆောင်ရွက်ပေး  လျက်ရှိရာ   နိုဝင်ဘာ ၁၉ ရက်နံနက် ၉ နာရီက ကြက်မောက်ကျေးရွာအုပ်စု၌ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ကွင်းဆင်းဆောင်ရွက်ပေးရာတွင်  မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက  ပန်းခင်းစီမံချက်၏  ရည်မှန်းချက်ဖြစ်သော နိုင်ငံသား၊တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသား များအား ဥပဒေနှင့်အညီ  ကတ်တစ်မျိုးမျိုး  ထုတ်ပေးရေး ၊ ပန်းခင်းစီမံချက်ပါ လုပ်ငန်းစဉ်လေးရပ်နှင့်အညီ ဆောင်ရွက်ပေးပြီး  သွေးအမျိုးအစားစစ်ဆေးပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးကြောင်းနှင့်ကိုဗစ်-၁၉ စည်းကမ်းများနှင့် အညီ လူစုလူဝေး မဖြစ်စေရန်နှင့်ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျတပ်ဆင်စေပြီး  ဆောင်ရွက် ခဲ့ကြောင်း   မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မွန်ထံက   သိရသည်။        ထိုသို့ ဆောင်ရွက်ပေးရာတွင်    ကြက်မောက်ကျေးရွာအုပ်စု၌ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်ကြား ၃(က)  ၁၀ ဦး၊အသက် ၁၈ နှစ်ပြည့်ပြီးသူ ၆(က) ၈၉ ဦးစုစုပေါင်း ၉၉ ဦးတို့ကို    ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်တွင် နိုဝင်ဘာ ၁၉ ရက်နေ့အထိ ပန်းခင်းစီမံချက်ဖြင့်  ၄၄၈၂ ဦး   ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။                                         

 မြို့နယ် (ပြန်/ဆက်)