ဟိုပင်၌ အခြေခံပညာကျောင်းများသို့ Hand Gel၊ လက်ဆေးဆပ်ပြာရည်နှင့် PPE ဝတ်စုံ ၃၂ စုံ ဒုတိယအကြိမ် လှူဒါန်း

ဟိုပင်  သြဂုတ်  ၂၀

ကချင်ပြည်နယ်၊ မိုညှင်းခရိုင်၊ ဟိုပင်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ် - ၁၉ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အခြေခံပညာကျောင်းများသို့ Hand Gel၊ လက်ဆေးဆပ်ပြာရည်နှင့် PPE ဝတ်စုံများကို ယမန်နေ့ မွန်းလွဲ ၁ နာရီမှစ၍ မေတ္တာရိပ် အသင်းဝင်များက သွားရောက် လှူဒါန်းခဲ့ကြသည်။

အဆိုပါလှူဒါန်းမှုကို ပထမအကြိမ်အဖြစ် ဇူလိုင် ၂၄ ရက်တွင် အ.ထ.က ဟိုပင်၊ အ.ထ.က မြသီတာ၊ အ.ထ.က စက်ကုန်း ကျောင်းများအတွက် တစ်ကျောင်းလျှင် Hand Gel ၃၀ ဘူး၊ လက်ဆေးဆပ်ပြာရည် ၃၀ ဘူး၊ PPE ဝတ်စုံ ၃ စုံစီကို လှူဒါန်းခဲ့ပြီး ဟိုပင်ဒေသအတွင်းရှိ ကျန်ရှိနေသေးသော  အခြေခံပညာ အထက်တန်းကျောင်း ၃ ကျောင်းနှင့် အလယ်တန်း ကျောင်း ၁၆ ကျောင်းတို့ အတွက် တစ်ကျောင်းလျှင် Hand Gel ၅ ဘူး၊ လက်ဆေးဆပ်ပြာရည် ၅ ဘူးနှင့် PPE ဝတ်စုံ ၂ စုံစီကို ဒုတိယအကြိမ်အဖြစ် သွားရောက် လှူဒါန်းခဲ့ကြကြောင်း မေတ္တာရိပ် အသင်းအတွင်းရေးမှူး ဒေါက်တာသန်းထွန်းထံမှ သိရှိရသည်။

 တိုးတိုးမေ (ဟိုပင်)